Search

Sunday, November 17, 2019

အခမဲ့သင်တန်း လျောက်ထားရန်။


ကွန်ပျူတာ နည်းပညာနှင့် သက်ဆိုင်သည့် အောက်ပါ ဘာသာရပ် (၉)မျိုးကို လစဉ်လတိုင်း အခမဲ့ သင်ကြား ပို့ချပေးနေသော သင်တန်း ဖြစ်သည်။

(1)Basic Computer,
(2)Office Ready + Excel Advance,
(3)Graphic Design,
(4)Architectural Design (Auto CAD, SketchUp),
(5)ICT Management,
(6)System Engineering A++,
(7)Network Engineering (CCNA),
(8)Software Engineering,
(9)Cyber Security Course (CEH)
နှစ်သက်ရာကို လျောက်လွှာပုံစံမှာ ဖြည့်သွင်းပြီး ရွေးချယ်တက်ရောက် နိုင်ပါသည်။

သင်တန်းဆင်း လက်မှတ် ရရှိသူများ စာရင်း ကြည့်ရှုရန်။

Image may contain: 3 people, people sitting and text

လျောက်ထားခြင်း။
---------------
ဘားအံမြို့နယ် NLD ရုံး၊ သရဖီလမ်း၊ အမှတ် (၄)ရပ်ကွက်၊ ဘားအံမြို့မှာ နေ့စဉ်နေ့တိုင်း နံနက် (၀၉:၃၀) နာရီမှ ညနေ (၀၄:၃၀)နာရီ အတွင်း သင်တန်း လျောက်လွှာတွေကို အခမဲ့ လာရောက် ထုတ်ယူ လျောက်ထားနိုင်ပါတယ်။
စုံစမ်းရန်။   ။ ဖုန်း၊ ၊ ၀၉ - ၄၂၅၀၀၉၆၅၉

ဘယ်တော့ တက်ရမှာလဲ။
--------------------

စတင်လျောက်ထားသည့် ရက်စွဲအလိုက် ပထမဦးစွာ လျောက်ထားသူမှ စပြီး၊ အဆိုပါ Course အတွက် လက်ခံနိုင်မည့် (၂၀)ဦး (သို့) (၄၀)ဦးကို သင်တန်း အပတ်စဉ် တစ်ခုအဖြစ် သတ်မှတ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး၊ ပထမ သင်တန်းအပတ်စဉ်တွင် တက်ရောက်ခွင့် မရရှိ / မပါရှိခဲ့သူများ အနေဖြင့် ဒုတိယ သင်တန်းအပတ်စဉ်တွင် တက်ရောက်နိုင်မည် ဖြစ်ပါသည်။
.
တက်ရောက်လိုသူများသည် သင်တန်းလျောက်လွှာများကို စောလျှင်စွာ လာရောက်လျောက်ထားရန် လိုအပ်ပြီး၊ မိမိတို့ တက်ရောက်နိုင်မည့် ကာလကို လျောက်လွှာတွင် ဖြည့်သွင်းထားခြင်းဖြင့် မိမိတို့ အားလပ် အဆင်ပြေချိန်တွင် တက်ရောက်နိုင်မည် ဖြစ်ပါသည်။